နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအပြည့်အဝဆောင် ရွက်ပေးထား၊ နေရပ်ပြန်မည်ဆိုပါက အဆင်ပြေချောမွေစွာ ပြန်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်
စစ်တွေ အောက်တိုဘာ ၁၉
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀နာရီက စစ်တွေမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းဝေးခန်းမတွင် စစ်တွေမြို့ရှိ နိုင်ငံရေးပါတီများနှင့် လူမှုကွန်ယက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။