ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ နောင်ခိုင်- ဇီးအွန်- မူလာရှီးဒီလမ်း ၁၂မိုင် ၇ဖာလုံ အနက် ၁၀ မိုင် ၇ဖာလုံကို ကျောက်ခင်းပြီးကျန်ရှိသည့် ၂မိုင်ကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိသည်။