နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ စစ်တွေမြို့တွင် သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန် ဥပဒေရေးရာနှင့်မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်တွေ၊ မတ် ၂၄
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်သား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ စစ်တွေ၌ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး၊ Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်၊ ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
   ဦးစွာ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ် က သတင်းအမှား၊အမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးပြောကြားပြီး စစ်တွေမြို့မရဲစခန်းမှ ဒုတိယရဲမှူးဆန်းကျော်ထွန်းက ဥပဒေရေးရာနှင့်မူးယစ်ဆေးဝါးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။ 
  အဆိုပါ ဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်သား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ စစ်တွေမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။