စစ်တွေ နိုဝင်ဘာ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)တွင် စစ်တွေမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကူးစက်မြန် မျက်စိနာရောဂါ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါသင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး စစ်တွေမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှဆန်းနု က မျက်စိနာခြင်း၊ မျက်လုံးရောင်ရမ်းခြင်းတို့နှင့် ပတ်သက်၍ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန်နည်းလမ်းများနှင့် ရောဂါဖြစ်ပွားနေသူများ လိုက်နာရန်စသည့် ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ လူငယ်သင်တန်းကျောင်း(စစ်တွေ)မှ ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ သင်တန်းနည်းပြများနှင့်ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.