နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

လွိုင်လင် ဖေဖော်ဝါရီ ၇
    ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ လူငယ်နှင့်စာရိတ္တအကြောင်း အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့ကကျင်းပသည်။ 
    အဆိုပါ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းက အဖွင့်အမှာ စကား ပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အမှတ်(၃) တပ်ဖွဲ့စိတ်(လွိုင်လင်)မှ ဒုရဲမှူး တင်မောင်မြင့်က လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းရင်းများကို ရှင်းလင်းဟောပြောသည်။ 
    ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်နှင့်စာရိတ္တအကြောင်းနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲအုပ်ဉာဏ်လင်းထွန်းက လူကုန်ကူးမှုဆိုင်ရာ ဥပဒေနှင့်ပြစ်မှု ပြစ်ဒဏ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောကြပြီး လူကုန်ကူးမှုဆိုင်ရာ ဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များ၊ စတစ်ကာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူ များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

Post Paragraph