
နေပြည်တော် ဇူလိုင် ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းမိသားစုဝင် သားသမီးများနှင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက် ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား / ကျောင်းသူ များအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းမိသားစုဝင်သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ် များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၀၉၃၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြသည့် ဝန်ထမ်းမိသားစုဝင်သား သမီးများ၊လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှကျောင်းသား/ ကျောင်းသူ များနှင့် ရာနှုန်းပြည့်အောင်ချက် အကောင်းဆုံးဆုရသည့် ကျောင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြား လျက်ရှိသည့် တက္ကသိုလ်/ကောလိပ်နှင့် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများကိုလည်း ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ “ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်း” သည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ထူးချွန်ထက်မြက်သည့် လူငယ်များ၊ နိုင်ငံ့ တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်နိုင်သည့် စွမ်းရည်ရှိသော မျိုးဆက်သစ်လူငယ် မောင်မယ် များဖြစ်လာအောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူတစ်ဦးနှင့် ရာနှုန်းပြည့် အောင်ချက်အကောင်းဆုံးရရှိသည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပလက်ဝ နှင့် ပူတာအို) တို့မှ ကျောင်းအုပ်ကြီးများအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို သက်ဆိုင်ရာ ကျောင်းသား/ ကျောင်းသူ ကိုယ်စားလှယ်များအားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး က အောင်ချက်အကောင်းဆုံး တတိယ ဆုရသင်တန်းကျောင်း၊ အထူးဆုရ သင်တန်းကျောင်း ၂ ကျောင်း၊ လေးဘာသာဂုဏ်ထူးရှင် ၁ ဦးနှင့် လူရည်ချွန်ဆုရကျောင်းသား ၁ ဦး တို့အားလည်းကောင်း၊ ဒုတိယဝန်ကြီး၏ ဇနီးက လူရည်ချွန်ဆုရ ကျောင်းသူ ၂ ဦး နှင့် သုံးဘာသာ ဂုဏ်ထူးရှင် ၃ ဦး တို့အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် က သုံးဘာသာဂုဏ်ထူးရှင် ၄ ဦး တို့အားလည်းကောင်း၊ ဒုတိယဝန်ကြီး၏ ဇနီး က သုံးဘာသာဂုဏ်ထူးရှင် ၃ ဦးနှင့် နှစ်ဘာသာ ဂုဏ်ထူးရှင် ၁ ဦးတို့အားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီးတို့က နှစ်ဘာသာဂုဏ်ထူးရှင် ၈ ဦး တို့အား လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဇနီးတို့က နှစ်ဘာသာဂုဏ်ထူးရှင် ၈ ဦးတို့အား လည်းကောင်း ဂုဏ်ပြုဆု များ အသီးသီး ပေးအပ်ချီးမြှင့်ကြပါသည်။
ယင်းနောက် သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပလက်ဝ) မှ မပြည်ဝဲက ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဇနီးများ၊ ဆုရကျောင်းသား/ ကျောင်းသူများသည် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းအုပ်ကြီးများ၊ မိဘများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုူတ်ဆက်အားပေးခဲ့ပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ်များ၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသားသမီး ၂၀၇ ဦး၊ အခြေခံပညာ ကျောင်းများတွင် တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသားသမီး ၁၄၁၁ ဦး၊ စုစုပေါင်း ၁၆၁၈ ဦး အတွက် အတန်းလိုက် ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို လည်းကောင်း၊ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ငါးဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ စုစုပေါင်း ၉၄ ဦးတို့အား ဂုဏ်ထူးတစ်ဘာသာ လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့်လည်းကောင်း၊ ရာနှုန်းပြည့်အောင်မြင်၍ အောင်ချက် အကောင်းဆုံး ဆုရကျောင်း ၃ ကျောင်းနှင့် အောင်ချက်ရာနှုန်းပြည့် အထူးဆုရကျောင်း ၄ ကျောင်း တို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

