နေပြည်တော် အောက်တိုဘာ ၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် (၂၈-၉-၂၀၁၆) ရက်နေ့မှ (၂-၁၀-၂၀၁၆) ရက်နေ့အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် (၂၈-၉-၂၀၁၆) ရက်နေ့တွင် ကျိုက်ထိုမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဘီးလင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ သထုံခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် (၂၉-၉-၂၀၁၆) ရက်နေ့တွင် ရေးမြို့သို့ ရောက်ရှိကာ ရေးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် (၂) ခန်းတွဲ ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ရေး-ဖလံချောင်းဝ-ကျုံကွီးလမ်း (၄၇/၆) မိုင်ပေါ်ရှိ လမ်း/တံတားများအားလည်းကောင်း၊ ဖလံချောင်းဝ-ညီစားလမ်း (၁၁/၄) မိုင်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ရေးမြို့နယ်၊ ကျူလောင်းရွာဟောင်း အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ သွားရောက်၍ ကျောင်းသား/သူ (၂၂၄) ဦးအတွက် ကျောင်းဝတ်စုံ (အဖြူ/အစိမ်း) (၉၀)စုံ၊ ဗလာစာအုပ် (၁၅၀)ဒါဇင်၊ ခဲတံ (၈၀) ဒါဇင်တို့အား ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ရေးမြို့နယ်အတွင်းရှိ ကဗျာဝတံတား (၃၇၅)ပေ ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် အစင်-ဓမင်ဆိပ် ကျောက်လမ်း (၁/၁) မိုင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် (၃၀-၉-၂၀၁၆) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် သံလွင်ဥယျာဉ် ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
(၁-၁၀-၂၀၁၆) ရက်နေ့တွင် မော်လမြိုင်မြို့မှ ဘားအံမြို့သို့ ဆက်လက်ထွက်ခွာပြီး ထိုမှတစ်ဆင့် မြိုင်ကြီးငူအထူးဒေသအတွင်းသို့ ရောက်ရှိပြီး စာချဆရာတော် ဦးဇင်းကုထံသို့ အလှူငွေနှင့် စစ်ဘေးရှောင်မိသားစုများအတွက် ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ထို့နောက် မြိုင်ကြီးငူ-မဲသဝေါလမ်း (၃၁) မိုင် ရှိသည့်အနက် မိုင်တိုင် (၁၃/၄) မိုင်ရှိ ကျုံထော်ရေတံခွန်အထိ လမ်းတလျောက် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး မြိုင်ကြီးငူအထူးဒေသ ဆန်ဖြန့်ဝေရေး ဂိုဒေါင်၊ လှိုင်းဘွဲ့မြို့နယ် ထီလုံစစ်မှုထမ်းဟောင်း အိမ်ရာ (၅၀) လုံးနှင့် လှာကမြင်ရပ်ကွက်ရှိ ရုံးပိုင်မြေ (၁၂၀×၁၂၀) ပေ (၄)ကွက်မြေ ရရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အမြဲတမ်းအတွင်းဝန်နှင့် အဖွဲ့သည် (၂-၁၀-၂၀၁၆) ရက်နေ့တွင် ဘားအံမြို့မှ ကျိုက်ထိုမြို့သို့ ရောက်ရှိပြီး ကျိုက်ထိုမြို့ ရေပေးဝေရေးလုပ်ငန်း ဂါလံ (၁၀၀၀၀၀) ဆံ့ ရေလှောင်ကန်နှင့် မြောက်ပိုင်းမူလွန်ကျောင်း (၃) ထပ်ဆောင်အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images