နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းများဆင်းပွဲ အခမ်းအနား ကျင်းပခြင်း

ရန်ကုန် မတ် ၂၅ 
    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင်  ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများဖြစ်သော ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်းအမှတ်စဉ်(၃၁)၊ ပစ္စည်းထိန်းသင်တန်းအမှတ်စဉ်(၈)နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး သင်တန်းဖြစ်သော ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ်(၂၆) သင်တန်းများဆင်းပွဲအခမ်းအနားကို ၂၅-၃-၂ဝ၂၂ရက်နေ့ နံနက်ဝ၈:၃ဝနာရီအချိန်တွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဆင်းပွဲမိန့်ခွန်းပြောကြားပြီး သင်တန်းများဆင်းပွဲ အခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း အင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် နယ်စပ်ဒေသ၊ ကျေးလက်ဒေသများရှိ တိုင်းရင်းသူအမျိုးသမီးငယ်များအား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးသည့်အပြင် အလုပ်အကိုင်ရရှိရေးအတွက် အထည်ချုပ်စက်ရုံများနှင့်ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ယနေ့အထိ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းဆင်းပြီး  သင်တန်းသူ ၂၉၈၂ ဦးအား အထည်ချုပ်စက်ရုံများတွင် အလုပ်ခန့်အပ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။