နယ်စပ်ရေးရာဝန်ကြီးဌာန (ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြီး သတင်းမှား၊ သတင်းမှန်ခွဲခြားနိုင်စေရေးဆွေးနွေးပွဲကျင်းပ

ရန်ကုန် မတ် ၁၄
    နယ်စပ်ရေးရာဝန်ကြီးဌာန (ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန)နှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီတို့ ပူးပေါင်း၍ သတင်းမှား၊ သတင်းမှန်ခွဲခြားနိုင်စေရေးဆွေးနွေးပွဲကို မတ် ၁၄ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း ခန်းမ၌ ကျင်းပသည်။
    အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) နှင့်အတူ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ ကောင်စီဝင်များဖြစ်ကြသော ဦးသက်နိုင်ဦးနှင့် ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ်မြမဉ္ဇူ) တို့က သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်ရေးအပြင် နိုင်ငံ့ဝန်ထမ်းတိုင်း လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များ၊ နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ်မြှင့်တင်ရေးလိုအပ်ပုံများကို ဟောပြောဆွေးနွေးခဲ့ကြသည်။
    ဆွေးနွေးပွဲသို့ အနယ်နယ်အရပ်ရပ်မှ သင်တန်းသား သင်တန်းသူ ၁၆၀ ခန့် တက်ရောက်ခဲ့ သည်။ ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးဝင်းထွန်းနိုင်က ကျေးဇူးတင်စကားပြောကြားကာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

Post Paragraph