နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အာဆီယံ-အမေရိကန် ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး နှင့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးများ တက်ရောက်

ရန်ကုန်၊ စက်တင်ဘာလ (၂၈) ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီရှိ ဟိုနိုလူလူမြို့တွင်   (၂၉-၉-၂၀၁၆) ရက်နေ့မှ (၁-၁၀-၂၀၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာဆီယံ-အမေရိကန် ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် (၃-၁၀-၂၀၁၆) ရက်နေ့မှ   (၇-၁၀-၂၀၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးများ တက်ရောက်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့သို့ ယနေ့နံနက်တွင် ထွက်ခွာ သွားကြောင်း သတင်းရရှိပါသည်။

 

Post Paragraph