နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု စစ်ဆေး

နေပြည်တော် ဇူလိုင် ၃
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှု၊ ကျောင်းအတွင်းရှိ ကျောင်းဆောင် အဆောက်အအုံများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဆရာ၊ ဆရာမများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးပြီး ကျောင်းအုပ်ဆရာမကြီးထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
    ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ခန္တီးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ၍ ဒေသခံကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြားနေမှု၊ ကျောင်းဆောင်အဆောက်အအုံများနှင့် ကျောင်းသား၊ ကျောင်းသူအင်အား အချိုးညီစွာ သင်ကြားနိုင်ရေး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဆရာ၊ ဆရာမများ နှင့်တွေ့ဆုံ၍ အမှာစကားများ အသီးသီးပြောကြားပြီး ကျောင်းအုပ်ဆရာကြီးထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ခန္တီးမြို့ ပြည်သူ့ အားကစားကွင်းသို့ ရောက်ရှိ၍ မိုးလုလေလုံ အားကစားခန်းမ ပွဲကြည့်စင်များ ကြံ့ခိုင်မှု၊ ဘောလုံးကွင်း ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် ခြံစည်းရိုးကာရံနေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ၍ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ခန္တီးမြို့ ကမ်းနားလမ်း စတီးလက်ရန်းနှင့် WE LOVE HKAMTI (LED) ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွဲ့အမှာစကားပြောကြားပြီး ခန္တီးမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ကမ်းနားလမ်း စတီးလက်ရန် WE LOVE HKAMTI (LED) ဆိုင်းဘုတ်နှင့် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းတို့က ကမ်းနားလမ်း စတီးလက်ရန်းနှင့် WE LOVE HKAMTI (LED)ဆိုင်ဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ တိုင်းရင်းသားရိုးရာအကအဖွဲ့များ အား ဂုဏ်ပြုငွေများ ပေးအပ်ပြီး ကမ်းနားလမ်း စတီးလက်ရန်းများ တပ်ဆင်ပြီးစီးမှုအား လိုက်လံ ကြည့်ရှု စစ်‌ဆေးခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload