နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်တို့သည် ကချင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့သည် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်း တွင် အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မြစ်ကြီးနား) ၌ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားပြီး  ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်၍ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင် များနှင့် စားရိပ်သာများ၊ ကျောင်းဝန်းအတွင်း  သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအား လှည့်လည် ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။ ဆက်လက်၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၌ ကချင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ဆောင်ရွက် ထားရှိမှုများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ညွှန်ကြား၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ မြစ်ကြီးနားတို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph