နယ်စပ်ရေးရာဝန်ကြီးဌာနဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ရန်ကုန်၊ မတ်လ  ၄  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့် စာကြည့်တိုက်မှူးသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၄-၃-၂၀၂၄ ရက်နေ့၊  နံနက် ၀၉၀၀ နာရီအချိန်တွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုး တက်ရောက် ၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး  သင်တန်းဖွင့်ပွဲအခမ်းအနားကို  ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ အင်အား  ၇၅  ဦးတို့ တက်ရောက်ခဲ့ပါသည်။ 
    အဆိုပါသင်တန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ  တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ၊ စက်မှုလက်မှု ပညာသင်တန်းကျောင်း များနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် တာဝန်ထမ်း ဆောင်နေကြသော စာကြည့်တိုက် တာဝန်ခံများအား အရည်အချင်းပြည့်ဝစေရေး၊ စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့် စာကြည့်တိုက်ပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်ရေးတို့အတွက်  လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းကို   ၄-၃-၂၀၂၄  ရက်နေ့မှ  ၂၉-၃-၂၀၂၄  ရက်နေ့အထိ ရက်သတ္တပတ်  ၄  ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Post Paragraph