
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မုံရွာမြို့၊ ရုံးကြီးရပ်၊ ရွှေသုဝဏ်ကျောင်းတိုက်သို့ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(မုံရွာ)မှ တာဝန်ရှိသူများ သွားရောက်၍ သံဃာတော် များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆရာတော်ကြီးထံ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Post Paragraph
Paragraph Images

