နယ်စပ်ရေးရာဝန်ကြီးဌာနက ဆွမ်းဆန်တော် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ၊ Mask နှင့် Handgel ထောက်ပံ့လှူဒါန်း

နေပြည်တော် မတ် ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး စင်တာများတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် ဘုန်းကြီးကျောင်းများမှ ရဟန်း၊ သာမဏေများ၊ သီလရှင်ကျောင်းများအား အာဟာရဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိပါသည်။
    ထိုသို့ လှူဒါန်းထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အောင်ဇေယျရပ်ကွက်ရှိ ထီလာဦးကျောင်းတိုက်၌ သီတင်းသုံးနေသော ရဟန်း၊ သာမဏေများအား ဆွမ်းဆန်တော်အခက်အခဲ မရှိစေရေးအတွက် မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများက ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်ဥ၊ Mask နှင့် Handgel စသည့် လှူဒါန်းဖွယ် ထောက်ပံ့ပစ္စည်းများကို ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စထံသို့ သွားရောက်ဆက်ကပ်လှူဒါန်းသည်။ 
 

Post Paragraph