နယ်စပ်ရေးရာဝန်ကြီးဌာနက ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများသို့ အိမ်သုံးဆိုလာနှင့် ဆိုလာလမ်းမီးတိုင်များ ထောက်ပံ့ပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့်ဆင်ဘုတ်ချောင်းဖျားကျေးရွာ၊ ပန်းတောကြီးကျေးရွာ၊ တောင်စွယ် (ခေါ်) တောင်ကြီးရင်းကျေးရွာနှင့် အဟောင်းတောင်ကျေးရွာများ သို့ အိမ်သုံးဆိုလာ ၆၈ စုံနှင့် ဆိုလာမီးတိုင် ၆၀ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          ဦးစွာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အမှာစကား ပြောကြားပြီး ကျောက်ဖြူခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံက လှူဒါန်းရသည့်အကြောင်းရင်းနှင့် အိမ်သုံးဆိုလာနှင့်ဆိုလာလမ်းမီးတိုင် အသုံးပြုပုံများကို ရှင်းလင်း ပြောကြားကာ ကျေးရွာများမှတာဝန်ရှိသူများထံ အိမ်သုံးဆိုလာ ၆၈ စုံနှင့် ဆိုလာမီးတိုင် ၆၀ ပေးအပ်ကြောင်း သိရသည်။

Post Paragraph