နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ဘုန်းတော် ကြီး‌ကျောင်းများ၌ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ လှူဒါန်းလျက်ရှိသည်။

          ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ဖရူဆိုမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်ဝင်းနှင့် ဝန်ထမ်းများက ဖရူဆိုမြို့နယ် ငွေတော်ရွာသစ်ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများကို သွားရောက်ဆက်ကပ်လှူဒါန်းသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ဆွမ်းဆန်တော် အခက်အခဲ ရှိသော ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Post Paragraph