နယ်စပ်ရေးရာဝန်ကြီးဌာနက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ‌ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့ နောင်ယန်းအင်း ပတ်လမ်း ၃၄ မိုင်အနက် နှစ်မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
အဆိုပါ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ပန်ဆောင်မြို့အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံပြည်သူ ၁၄၃၈၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
 

Post Paragraph