လဟယ် အောက်တိုဘာ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းလျက်ရှိသည်။ ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်သို့ နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(လဟယ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် တာဝန်ရှိသူများ သွားရောက်၍ ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။