နယ်စပ်ရေးရာဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် (၇၈) ရပ်ကွက် အောင်ချမ်းသာ ပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင် သံဃာတော်များ၊ စာသင်စာချသံဃာတော်များနှင့် စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Post Paragraph