
ရန်ကုန် သြဂုတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဝိသာခါပုဏ္ဏမီဂုဏ်ဝေ သီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီနှင့် ကြက်ဥများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
Post Paragraph
Paragraph Images

