နေပြည်တော်၊သြဂုတ် ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် ရေဘေးသင့်ပညာရေးကျောင်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂) နာရီတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ တနင်္သာရီတိုင်းဒေသကြီးပညာရေးမှူး၊ ညွှန်ကြားရေးမှူးဒေါ်မြင့်စိန်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှ အဖွင့်အမှာစကားပြောကြားပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းမှ ထောက်ပံ့ငွေများပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် ငွေကျပ်(၃၀,၀၀၀,၀၀ဝိ/-)နှင့် ရေဘေးသင့်ပညာရေးကျောင်းများအတွက် ငွေကျပ်(၂,၂၀၀,၀၀ဝိ/-)၊ စုစုပေါင်းငွေကျပ် (၃၂,၂၀၀,၀၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။