နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် စား‌သောက်ဖွယ်ရာများလှူဒါန်း

တောင်ကြီး၊ လှူဒါန်းမှု
    ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဘုန်‌တော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များ၊ သာမဏေများ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးရဲလွင်ဦးတို့က ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နမ့်ဗေးကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကျီးဖြူကန် ဘုန်းတော်ကြီးကျောင်းတို့ရှိ ရဟန်း၊ သာမဏေများအား ဝါတွင်းကာလ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ပဲ၊ ဆီနှင့် ဆားအမယ်လေးမျိုး အား သွားရောက်ဆက်ကပ်လှူဒါန်းသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘုန်းတော်ကြီးကျောင်း များနှင့် အခြားဘာသာရေးကျောင်းများသို့လည်း လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

Post Paragraph