နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြစ်ကြီးနားမှ ညွှန်ကြားရေးမှူး ဦးဇော်လှိုင်ဝင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝါသ(မဟာဂန္ထဝါစကပဏ္ဍိတ)ထံသို့ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ သွားရောက်လှူဒါန်းသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့လည်း ဆွမ်း၊ ကွမ်း ခက်ခဲမှုမရှိစေရေး အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်လက် လှူဒါန်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph