နယ်စပ်ရေးရာဝန်ကြီးဌာနမှ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

    ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာကာလတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ခွင့်ပြုရန်ပုံငွေကျပ် ၂၆၆ ဒသမ ၃၉၈ သန်းဖြင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ငပုအင်း- ရွာဟောင်း - ရွာသစ် ကျေးရွာချင်းဆက် မြေသားလမ်း ၃ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း၊ ကျုံကွယ် ကျေးရွာအုပ်စု၊ မိခွမ်း (ကျောက်အင်း)-ထိဝါးကလိ ကျေးရွာချင်းဆက်လမ်း ၁ မိုင် ကျောက်ခင်း ခြင်းလုပ်ငန်း၊  အံကစင်(မွန်စု)-လွှစင်ကုန်း-ကော့ခလိန်လမ်း ၄ မိုင် ၇ ဖာလုံ လမ်းပိုင်းတွင် ၃ ဒသမ ၅ ဖာလုံလမ်းတာချဲ့ခြင်း နှင့် Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။
    ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ နယ်စပ်ဒေသ လမ်းတံတားများ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ရာသီမရွေးသွားလာနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက် အကူပြုကြောင်း သိရသည်။

Post Paragraph