နယ်စပ်ရေးရာဝန်ကြီးဌာနမှသံဖြူဇရပ်မြို့နယ်အတွင်းရှိ စာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်းများအတွက်ကွန်ပျူတာ၊ ပရင်တာနှင့် ဆိုလာများထောက်ပံ့

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လျှပ်စစ်မီးမရရှိသေးသည့် နယ်စပ်ဒေသကျေးရွာများမီးလင်းရေးအတွက် ဆိုလာများ၊ နယ်စပ်ဒေသလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်လျက်ရှိသည့် အခြေခံပညာကျောင်းများသို့ ကွန်ပျူတာနှင့် ပရင်တာများ ထောက်ပံ့ပေးလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှထောက်ပံ့သည့် သံဖြူဇရပ်မြို့နယ်၊အိုင်ရှည်ကျေးရွာ အလက(ခွဲ)အတွက် ကွန်ပျူတာ ၂ စုံ ၊ ပရင်တာ ၁ စုံနှင့် ဆိုလာ ၃ စုံအား  မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးဦးဉာဏ်မျိုးတို့က ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အလားတူ သံဖြူဇရပ်မြို့နယ်၊ အိုင်ရှည်ကျေးရွာရှိ ဘုန်းကြီးကျောင်းများသို့လည်း ဆိုလာများ  လှူဒါန်းခဲ့သည်။