နယ်စပ်ရေးရာဝန်ကြီးဌာနရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းများ၌ သင်တန်းဖွင့်ပွဲများကျင်းပ

နေပြည်တော် မေ ၅
        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ၊ လပွတ္တာ၊ အောင်ပန်း) တို့၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားများအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပခဲ့ရာ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကလည်းကောင်း၊ အောင်ပန်းမြို့သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ကလည်းကောင်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး ကလည်းကောင်း အသီးသီးတက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။
    အဆိုပါ  ဖွင့်လှစ်သည့် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းများအား သင်တန်းကာလ ရက်သတ္တ ၂၂ ပတ်ဖြင့် သင်တန်းသား စုစုပေါင်း ၁၂၅ ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအား သင်တန်းသူ ၂၀ ဦးဖြင့် သင်တန်းကျောင်းတွင် စာတွေ့ ၃ လ နှင့် ဟိုတယ်များတွင် လုပ်ငန်းခွင် သင်တန်း(On Job Training-OJT) ကာလ ၃ လကြာ သင်ကြားဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သင်တန်းကာလအတွင်း နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ပံ့ပိုးပေးသွား မည်ဖြစ်ပြီး အလုပ်အကိုင်ရရှိရေး တစ်ဆက်တည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် သင်တန်းသား စုစုပေါင်း ၆၇၇၅ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph