ဖရူဆိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ဖရူဆို မတ် ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်နယ်နှင့် ပြည်မအကြား အလပ်မရှိ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသတစ်ခုနှင့် တစ်ခု ဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် လမ်းဖောက်လုပ်ပေးခြင်း၊ တံတားဆောက်လုပ်ပေးခြင်း လုပ်ငန်းများအစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
    ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၈၉ ဒသမ ၀၅ သန်းဖြင့် ဟိုယာ-ရီခီးဘူ-ခါးဘယ်-ဘွယ်ဒိုးသာ ၁၅ မိုင်အနက် ၃ မိုင်အား ၂၉ ပေ အကျယ်ရရှိရန် လမ်းချဲ့ခြင်း၊ (မတ်စောက်မှုလျော့ချ မြေနှိမ့်ခြင်း) နှင့် ၎င်းလမ်းပေါ်တွင် Box Culvert ၁၅ စင်း တည်ဆောက် ခြင်း လုပ်ငန်းမှာ ၂၀၂၂ ခုနှစ် ဇွန် ၁၁ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ခုလုံး၏ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
    အဆိုပါလုပ်ငန်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာ ၂၀၊ အိမ်ခြေ ၇၈၈ အိမ်နှင့် လူဦးရေ ၃၈၈၀ ဦး အကျိုးပြုမှုရှိပြီး ဒေသခံကျေးရွာနေပြည်သူများ တစ်ရွာနှင့်တစ်ရွာ လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်ကြပြီဖြစ်ကြောင်းသိရသည်။
 

Post Paragraph