ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သတင်းအမှား၊အမှန်ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ မတ် ၁၅
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသူများအား သတင်းအမှား၊ အမှန်ခွဲခြားနိုင်ရေးနှင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ အသိပညာပေးမှု၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု ဆိုင်ရာအသိပညာပေးမှုနှင့် ဥပဒေရေးရာအသိပညာပေးမှု ဟောပြောပွဲအား  သင်တန်းကျောင်း ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
    အဆိုပါအသိပညာပေးဟောပြောပွဲ၌ သတင်းအမှား၊ အမှန်ခွဲခြားနိုင်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ အသိပညာပေးမှု ဟောပြောပွဲအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင် မှလည်းကောင်း၊ လူကုန်ကူးမှု၊လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးဟောပြောမှုအား ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးမှလည်းကောင်း၊ ဥပဒေရေးရာအသိပညာပေးဟောပြောမှု  ဆက်သွယ်ရေး ဥပဒေနှင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအား မြို့နယ်ဥပဒေအရာရှိ ဒေါ်သူဇာအောင်မှလည်းကောင်း အသီးသီးဟောပြောခဲ့သည်။
    အသိပညာပေးဟောပြောပွဲသို့ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပခုက္ကူခရိုင် ဦးစီးမှူးရုံး၊ လူငယ်သင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph