ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေးဟောပြော

ပခုက္ကူ ဇွန် ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဇွန်လ ၁၄ ရက် က အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသိန်းဇော်က အသက်အရွယ်အလိုက် ဖြစ်ပေါ်တတ်သောရောဂါများ၊ ရောဂါအမျိုးအစားများအလိုက်ကာကွယ်ကုသနည်းနှင့် စားသုံးသင့်သော အစားအစာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းယုမော်က သတင်းအမှားအမှန် ခွဲခြားသိမြင်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်နုနုဝင်းက သဘာဝဘေးအန္တရာယ် အမျိုးအစားအလိုက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်မျိုးအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂)သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။ 

Post Paragraph