ပင်လုံ-ဖက်နမ်-ကျောက်တန်းလမ်းမကြီးမှ ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး

လွိုင်လင်၊ ဇန်နဝါရီလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်‌ဆောင်ရွက်‌ပေး လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၈၁၈ ဒသမ ၆၅၈ သန်းဖြင့် လုပ်ငန်းပေါင်း ၂၂ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
    ယင်းသို့ဆောင်ရွက်ရာတွင် လွိုင်လင်မြို့နယ် ပင်လုံမြို့ ကိုးနဝင်းစေတီတော်မြတ်ကြီးအနီး ပင်လုံ-ဖက်နမ်း-ကျောက်တန်းလမ်းမကြီးမှ ကျူဖော်ကျေးရွာနှင့် ဟွေမုန်ကျေးရွာသို့ ဆက်သွယ် သောကျေးရွာချင်းဆက်လမ်း ၁/၂ မိုင်အား မူလလမ်း ၂၆ ပေအကျယ် လမ်းတာချဲ့ခြင်း၊ အမာခံ ကျောက်ဖြုန်းခင်းခြင်း လုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မူလခွင့်ပြုရန်ပုံငွေကျပ် ၅၇ ဒသမ ၉၈၉ သန်းဖြင့်လည်းကောင်း၊ ယင်းလမ်းပေါ်တွင် ငါးပေ Box Culvert သုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ၂၁ ဒသမ ၃၃သန်းဖြင့်လည်းကောင်း၊ စုစုပေါင်း ရန်ပုံငွေကျပ် ၇၉ ဒသမ ၃၁၉ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီး စီးပြီဖြစ်ကြောင်း လွိုင်လင်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
    ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းကြောင့် ပင်လုံမြို့ ကိုးနဝင်းစေတီတော် အနီးတောင်ပေါ်ဒေသရှိ ကျေးရွာအုပ်စုနှစ်စု၊ ကျေးရွာရှစ်ရွာနေ ဒေသခံပြည်သူများအနေဖြင့် လမ်း ပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး ဒေသတွင်းပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph