ပင်းတယ၊ ရွာငံမြို့နယ်များအတွင်း ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်              
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးမြင့်စိုးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဗိုလ်မှူးရာဇာငြိမ်းချမ်း၊ ပင်းတယမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး လ/ထညွှန်ကြားရေးမှူး ဦးလှဖေနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် (၂၅-၂-၂၀၁၇) ရက်နေ့မှ (၂၆-၂-၂၀၁၇) ရက်နေ့ထိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်များအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် (၂၅-၂-၂၀၁၇) ရက်နေ့တွင် ပင်းတယမြို့နယ်အတွင်းရှိ ဖောင်းပြား-မြေနီကုန်း-တောင်ချွန်-ဝါးပြားလမ်း (၇/၀) မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ မိုင်းအင်ကျေးရွာ ရုပ်သံထပ်ဆင့်လွှင့်စက် တပ်ဆင်ခြင်း လုပ်ငန်းအားလည်းကောင်း၊ သိမ်ကုန်း-ညောင်ဝန်း-ညောင်ကောက်လမ်း (၅/၀) မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ ရွှေပုထိုး-နောင်သခေါ-အင်လုံလမ်း (၃/၀) မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ ရွှေပုထိုး-ပန်းစစ်-ကြံခင်းမြောင်လမ်း (၃/၀) မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊  တပ်ကြီး-ကံလှကုန်း ကျေးရွာချင်းဆက်လမ်း (၃/၀) မိုင် ကျောက်ခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ မြေခြားမြောက်-ပိန္နဲပင်-ဖောင်းတော-ကျောက်စက်-လယ်လဲ-ရေပုတ်-သစ်ယားပင် ကျေးရွာချင်းဆက်လမ်း (၁၅/၀) မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ပွေးလှဘုန်းကြီးကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ အင်းပက်လက်-ရှားပြား-မြေခြားတောင်လမ်း (၃/၀) မိုင် ကျောက်ခင်းခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် (၂၆-၂-၂၀၁၇) ရက်နေ့တွင် ကဇက်-ကျောက်မြောင်းလမ်း (၂/၀) မိုင် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ လင်းဝေးလမ်းခွဲမှ ကျောက်တောလမ်း (၃/၀) မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအား လည်းကောင်း၊ သိမ်ကုန်း-ကျောက္ကူတိ-ဒလပင် (၄/၀) မိုင် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ သိမ်ကုန်း-အနောက်ကုန်း-အင်းကြီး-ဒလပင်-ကျောက္ကတိ ကျေးရွာ (၅) ရွာ 0.4KV (၈.၆၅) မိုင် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းအားလည်းကောင်း၊ ရေချမ်းပြင်-ကျောက္ကတိ ကျေးရွာချင်းဆက်လမ်း (၂/၀) မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ပိတုန်းကိုင်း-တောင်ကြားလမ်း (၄/၀) မိုင် မြေသားလမ်းဖောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ မျှားကလေး-တံတားဖြူ-အင်တော-လယ်ကိုင်း-တဲကုန်း-တောင်ဘို့ခေါင်း-ဂွေးပင်-ဆတ်ခြံ-တောင်ဦး-တဲလုလမ်း (၅/၀) မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ လယ်ကိုင်း-သဲကုန်း (ညောင်အိုင်) လမ်း (၂/၀) မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ပိန္နဲကုန်း-ညောင်အိုင်လမ်း (၃/၀) မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ လေးရွာ-တောကျယ်လမ်း (၁/၅) မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ လေးရွာကျေးရွာ ဂါလံ (၁၀၀၀၀) ဆံ့ အုတ်ရေကန်ဆောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ မြင်းကျဒိုး-ရေလှလမ်း (၃/၀) မိုင် ကျောက်ခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ ကုန်းကြီး(အမက) ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ထိုသို့ ကြည့်ရှုစစ်ဆေးခဲ့ရာ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ညွန်ကြားရေးမှူး ဦးမြင့်စိုးက မှာကြားရာတွင် တာ၀န်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများအား အရည်အသွေးပြည့်မှီစေရေး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်၊ သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးစေရေး ဆောင်ရွက်ရန်နှင့် မိမိတို့ဌာန အနေဖြင့်လည်း ဒေသခံတာ၀န်ရှိသူ ၀န်ထမ်းများမှ လာရောက်ကြည့်ရှု စစ်ဆေးကာ အရည်အသွေး မှန်/မမှန်စစ်ဆေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

 

Post Paragraph