
ပင်းတယ နိုဝင်ဘာလ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်းတယ)၌ မျက်စိနာရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ပင်းတယမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမို့မို့ကြည်က လတ်တလော မြို့နယ်အချို့၌ မျက်စိနာရောဂါအဖြစ်များလျက်ရှိကြောင်း မျက်စိနာရောဂါ မဖြစ်ပွား စေရန် လိုက်နာရမည့်စည်းကမ်းချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဆေးမွန်က ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်းတယ)မှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးမိုးထွေး(ပြန်/ဆက်)