ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်) မိုးရာသီအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် သြဂုတ် ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ ၂ဝ၂၃ ခုနှစ် မိုးရာသီ “ကျောင်းအုပ်ကြီးဖလား”  အဆောင်လိုက် ဘောလုံး၊ ဘော်လီဘော ၊ ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲများကို ဇူလိုင် ၁၇ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ကျင်းပခဲ့ပြီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ကျောင်းအားကစားကွင်း၌ ကျင်းပခဲ့သည်။ 
အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ /ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ဘောလုံးဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် အသင်းများကို တံခွန်စိုက်ဆုဖလားနှင့် ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
 

Post Paragraph