ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ စစ်ကိုင်း (၂၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန  ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် စစ်ကိုင်း၏(၂၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဝင်း အတွင်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး ကျွန်းပင် ၁၅၀၊ စိန်တလုံး သရက်ပင် ၃၀ နှင့် ခရေပင် ၂၀၊ စုစုပေါင်း အပင် ၂၀၀ ကိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထို့နောက် (၂၃)နှစ်ပြည့်  နှစ်ပတ်လည်နေ့ အခမ်းအနားကို  ဆက်လက်ကျင်းပရာ ကျောင်းအုပ်ကြီးက  အဖွင့်အမှာစကားပြောကြားပြီး ပင့်သံဃာ ခုနှစ်ပါးတို့ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အနုမောဒနာတရားနာယူခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။