ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) သင်တန်းဖွင့်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၄
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ပညာရေးဘွဲ့သင်တန်း အမှတ်စဉ်(၁၁)သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို   ၂၃-၁၁-၂၀၂၃ ရက်နေ့ ၀၉၀၀ နာရီ အချိန်တွင် ဘွဲ့နှင်းခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ်က သင်တန်းဖွင့်ပွဲ မိန့်ခွန်းမြွက်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အဆိုအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ပြီး နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၃၆၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                        
သတင်းစဉ်
 

Post Paragraph