ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်း ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများကျင်းပ

နိုဝင်ဘာ ၂၂
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ စစ်ကိုင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လေ့ကျင့်ရေးကာလအတွင်း နိုဝင်ဘာ ၁၅ ရက်မှ ၂၂ ရက်အထိ ဉာဏ်စမ်းပဟေဠိ၊ လူငယ်စကားဝိုင်း၊ စာဖတ်စွမ်းရည်၊ ကျပန်းစကားပြောနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
    အဆိုပါပြိုင်ပွဲများ ကျင်းပရခြင်းမှာ နိုင်ငံ့သားကောင်းရတနာ တိုင်းရင်းသား လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးသိမ့်မွေ့သော လူငယ်များ ဖြစ်လာစေရန်၊ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးတတ်စေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့ အနာဂတ်ဘဝ ပိုမိုမြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပသည်။ ပြိုင်ပွဲများတွင် မေဂျာအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။

Post Paragraph