ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ စတုတ္ထအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဆရာ ဆရာမနှင့် ဝန်ထမ်းများ ကျောင်းသား ကျောင်းသူ ၁၄၇ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့သည်။
အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူးများ)၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အမျိုးသားသွေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်ဦးနှင့် သူနာပြုများ၊ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများက သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ကြသည်။
Post Paragraph
Paragraph Images