
ရန်ကုန် မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်၌ ဝန်ထမ်းသား၊ သမီးများ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ကျင်းပရာ ကျောင်းအုပ်ကြီးက အဖွင့်မှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသား၊ သမီးများ တက်ရောက်ကြပြီး သင်တန်းသား၊ သင်တန်းသူ ၄၁ ဦး တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို ရက်သတ္တတစ်ပတ်ကြာမြင့်စွာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
Post Paragraph
Paragraph Images

