ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ရန်ကုန် သတင်းအမှား၊ သတင်းအမှန်ခွဲခြားသုံးသပ်နိုင်ရေး ဟောပြောပွဲကျင်းပပြုလုပ်

ရန်ကုန်၊ မတ်လ ၁၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏  သတင်းအမှား၊ သတင်းအမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိ ပညာပေး ဟောပြောပွဲကို   ယနေ့နေ့လယ် ၁၃:၀၀ နာရီအချိန်၊  Theatre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
    အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ဦးဆောင်ပြီး  အတွင်းရေးမှူး ဦးအောင်ပြည့်စုံ(ပြည့်အောင်)၊ ကောင်စီဝင် ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ်မြမဉ္ဇူ)တို့က ဆွေးနွေး ဟောပြောကြသည်။
    ဟောပြောပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်ရှိ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ အနေဖြင့် သတင်းအမှား၊အမှန် ခွဲခြား သုံးသပ်နိုင်စေရန် သာဓကများ၊ အချက်အလက်များ အပြည့်အစုံဖြင့် ဆွေးနွေးဟောပြောကြပြီး လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသော သတင်းများကို နည်းပညာ အသုံးပြု၍ အမှားအမှန်ခွဲခြားသုံးသပ်နိုင်မည့် နည်းလမ်းများအပြင် နိုင်ငံချစ်စိတ်၊ အမျိုး၊ ဘာသာ၊ သာသနာကို  လေးစားသည့်စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရေး၊ စာပေဖတ်ရှုလေ့လာမှုပြုရေးများ ထည့်သွင်း ဆွေးနွေးဟောပြောကြသည်။
    အဆိုပါ အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်    အရာထမ်း၊ အမှုထမ်း ၁၀၀ ဦး၊ ကျောင်းသား၊ ကျောင်းသူ  ၈၀ဦး ၊ စုစုပေါင်း ၁၈၀ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph