
ရန်ကုန်၊ ဧပြီ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်၏ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အဆိုပါ ကျောင်းဝင်းအတွင်း၌ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက် ညနေပိုင်းတွင် ကျင်းပသည်၊ ဆက်လက်၍ ဝန်ထမ်းနှင့်မိသားစုဝင်များ၏ သင်္ကြန်ယိမ်းအက၊ အလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပျော်ရွှင်စွာ ရေပက်ဖျန်းကစားကြသည်။
သင်္ကြန်ကာလအတွင်း နေ့စဉ်ယိမ်းအက၊ အလှများဖြင့် သီဆိုဖျော်ဖြေခြင်း၊ စတုဒိသာကျွေး မွေးဧည့်ခံခြင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ အဘိုးအဘွားများအား ခြေသည်း၊ လက်သည်း ညှပ်ပေးခြင်း၊ ခေါင်းလျှော်ရေချိုးပေးခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။
ယနေ့ ဖွင့်ပွဲအခမ်းအနားသို့ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များ အင်အား ၂၀၀ ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။