ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန်လ ၁၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၏ (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
    ရှေးဦးစွာ ကျောင်းဓမ္မာရုံ၌ သံဃာတော် ၉ ပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကျောင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းအုပ်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး တစ်နှစ်တာအတွင်း သင်တန်း အသီးသီးတွင် ထူးချွန်ဆုရရှိသူများ၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ကြားခဲ့သူများ၊ နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြခြင်းခံရသော ဆောင်းပါးရှင်များကို ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။