ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်

နေပြည်တော်၊ ဒီဇင်ဘာလ  ၂ ရက်   
    နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ  တာဝန်ကျေပွန် စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုသော အားဖြင့် ပြုလုပ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန ၏ မိတ်ဆုံ နေ့လယ်စာစားပွဲ ကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မိမိတို့ ဝန်ကြီးဌာန ၏ မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း သည် ရာထူးအဆင့် အလိုက် ဝန်ထမ်းအားလုံး၏ စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံးက နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ပေးအပ်သောတာဝန် များကို ကျရာအခန်းကဏ္ဍမှ အလေးထား ကြိုးစား ဆောင်ရွက် ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း မိသားစုသဖွယ် ချစ်ခင်ရင်းနှီး ညီညွတ်စွာ လက်တွဲ၍ လုပ်ငန်းများ တိုးတက်အောင် မြင်အောင် ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့ပြီး နေ့လယ်စာအား ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ပါသည်။
    အဆိုပါ မိတ်ဆုံ နေ့လယ်စာစားပွဲသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သုံးဆောင်ခဲ့ကြပြီး လစဉ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။