ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းနှင့် ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာလ  ၈   ရက် 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိ၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် သင်တန်းခန်းမ၌ ဗဟိုလေ့ကျင့်ရေး ကျောင်းနှင့် ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဝန်းအတွင်းရှိ စားရိပ်သာများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ သင်တန်းခန်းမဆောင်၊ စာကြည့်တိုက်၊ ဆောက်လုပ်ဆဲ လေးထပ် အိပ်ဆောင်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအား  ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာများတွင် ဆောင်ရွက်လျက် ရှိသည့် Green House များနှင့် ငါးကန်တွင် ငါးမွေးမြူထားရှိမှု အခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါ သည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ခရိုင်ကြီးကြပ်ရေးမှူးက ဂိုဒေါင်အတွင်း သိုလှောင်ထားရှိသည့် ယန္တရားကြီးများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ၏ အခြေအနေများ၊ လေပြင်း တိုက်ခတ်မှု ကြောင့် ယန္တရားသိုလှောင်ရုံများ ချို့ယွင်းမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်၊ ယန္တရားကြီးများ၏ ထိန်းသိမ်းထားရှိမှုနှင့် ကြံ့ခိုင်မှုတို့ကို  စစ်ဆေး၍ ဝန်ထမ်းမိသားစုဝင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ထားသည့် ရာသီသီးနှံစိုက်ခင်းများ၊ ကြက်ခြံနှင့် ငါးမွေးမြူရေးကန်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
 

Post Paragraph
video-upload