
နေပြည်တော် ဧပြီ ၂
အစည်းအဝေးတွင် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံ ရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အမျိုးသားအဆင့် ကော်မတီ အကောင်အထည်ဖော် ဆောင်ရွက်မည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ ပြည်နယ်အဆင့် ကော်မတီများနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသအသီးသီးရှိ IDPs များ အတွက် ကာကွယ်စောင့်ရှောက်၊ ထောက်ပံ့ပေးမှုများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ် များ၊နေရပ်စွန့်ခွာသူများဘေးကင်းလုံခြုံ၍ဂုဏ်သိက္ခာရှိစွာဖြင့် မှီခိုမှုကင်းသည့် လူနေမှုပတ်ဝန်းကျင် ပြန်လည်တည်ဆောက်ပေးရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကော်မတီ အသီးသီးက ပူးပေါင်း ဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားသည်။ဆက်လက်၍ အမျိုးသား အဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်က်ြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေများ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လတ်တလောဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲ ရှောင်စခန်းများအတွက် လိုအပ်သည့် လူမှုလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ပေးမှုအခြေအနေများ၊ ထောက်ပံ့ကူညီပေးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားအဆင့် ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီဝင်များနှင့် တာဝန်ရှိသူအသီးသီးက မိမိတို့ကဏ္ဍ အလိုက်ဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေနွေးခဲ့ကြပြီး အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်က်ြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ခိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။