ရေးမြို့နယ် ပလိုင်သိမ်-နှီးနူ-သာဂရံ-အံဒင်-ငါးမျှားစခန်းလမ်း ကတ္တရာခင်းလုပ်ငန်းစစ်ဆေး

   နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန် စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းတံတားလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိရာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပလိုင်သိမ်-နှီးနူ-သာဂရံ-အံဒင်-ငါးမျှားစခန်းလမ်း ၅ မိုင် ၃ ဖာလုံအနက် တစ်မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၆၈ ဒသမ ၄၂၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။ 
   အဆိုပါလမ်းမှာ ယခုအခါလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ရေးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးသောင်းစိန်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။
 

Post Paragraph