ရေးမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာနသည် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ နယ်စပ်ဒေသကျေးရွာ များ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ကာလတွင် ရေးမြို့နယ်၊ ဖလံချောင်းဝ-ညီဆားလမ်းပိုင်း ၁၄ မိုင် ၄ ဖာလုံအနက် ၃ မိုင် အပြီးသတ်ကျောက်ခင်းခြင်း၊ အဆိုပါလမ်းပိုင်း ၂ မိုင်ကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းတစ်လျှောက်လိုအပ်သော ၆၀ ပေ ကွန်ကရစ်တံတား ၂ စင်း၊ ၃၀ ပေ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈၆ ဒသမ ၈၂၅ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီး ခဲ့ပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသလမ်းတံတားများ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

Post Paragraph