
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးသဲချောင်း ကျေးရွာချင်းဆက်မြေသားလမ်း ၅/၀ မိုင် ဖောက်လုပ်ခြင်း ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါကျေးရွာချင်းဆက်မြေသားလမ်း ၅/၀ မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၄၄ ဒသမ ၆၉၁၅ သန်းဖြင့် Apex Queen ကုမ္ပဏီက တင်ဒါအောင်မြင်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ရာ ရေဖြူမြို့နယ်၊ ရာဖူး-သဲချောင်း ကျေးရွာချင်းဆက် မြေသားလမ်း ၅/၀ မိုင်နှင့် ယင်းလမ်းပေါ်ရှိ ၅ ပေ Box Culvert ငါးစင်းတည်ဆောက်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။



