သိန်းနီမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

    သိန်းနီမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
    သိန်းနီမြို့နယ်အတွင်းရှိ နမ့်ခိုက်-ဟိုခို(ဂျာယန်) မြေသားလမ်းအရှည် ၃ မိုင်ကို မြေသားလမ်းချဲ့ခြင်း၊ အမာခံဖြုန်းကျောက်ခင်းခြင်း၊ အဆိုပါလမ်းပေါ်တွင် Box-Culvert လေးစင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၁၅၁ ဒသမ ၉၂၄ သန်းဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။
    နမ့်ခိုက်-ဟိုခို(ဂျာယန်) အမာခံဖြုန်းလမ်း ဖောက်လုပ်ပေးနိုင်ခဲ့သဖြင့် နယ်စပ်ဒေသ တောင်ပေါ်ကျေးရွာများက ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေမည်ဖြစ်ပြီး သိန်းနီမြို့နှင့် လားရှိုးမြို့တို့သို့ ရာသီမရွေးသွားလာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
 

Post Paragraph