သရက် နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးသရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပရာ ဒုတိယကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားများ တက်ရောက်သည်။
အခန်းအနားတွင် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်ဌေးလှိုင်က ရောဂါဖြစ်ရခြင်းအကြောင်း အရင်းမှာ မျက်မှေးရောင်မျက်စိရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ကူးစက်မြန် ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါလက္ခဏာများမှာ မျက်စိနီခြင်း၊ ရောင်ခြင်း၊ မျက်စိနာခြင်း၊ ကိုက်ခြင်း၊ မျက်ရည်ထွက်ခြင်း၊ မျက်ဝတ်အနည်းငယ်ထွက်ခြင်းများ ဖြစ်ပွားနိုင်ပြီး ကူးစက်ပျံ့ပွားပုံမှာ မျက်မှေး ရောင် မျက်စိနာသူနှင့် အလွန်နီးကပ်စွာနေထိုင်ခြင်း၊ မျက်မှေးရောင်မျက်စိနာသူ၏ အသုံးအဆောင် ပစ္စည်းများ ကိုင်တွယ်သုံးစွဲမိခြင်းတို့ကြောင့် ကူးစက်တတ်ပြီး ကုသနည်းမှာ မျက်မှေးရောင် မျက်စိ နာသူနှင့် နီးကပ်စွာမနေပါနှင့်။ မျက်မှေးရောင် မျက်စိနာနေသူ၏ အသုံးအဆောင်ပစ္စည်းများကို ယူမသုံးရန်နှင့် အိမ်မှာအနားယူ၍ ရောဂါကုသခံယူတို့ ဖြစ်ကြောင်း ပြောကြားသည်။
ဇော်ထက်(သရက်)
သရက်မြို့၌ မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြော
Post Paragraph
Paragraph Images